အလှည့်
စစ်မှုထမ်းဟောင်းတစ်ဦး၏ ဈာပန၌ တရားဟောဆရာက တရားဟောရင်း သေဆုံးသူ ရောက်ရှိနေမည့် နေရာအကြောင်းကို အလေးအနက် ထင်ဟပ်စဉ်းစားပြခဲ့သည်။ ထိုနောက် တရားနာပရိသတ်များအား ဘုရားသခင်ကို မည်သို့ သိရှိနိုင်မည့်အကြောင်းကို မပြောဘဲ သမ္မာကျမ်းစာ၌ မပါသောအကြောင်းအရာများကို ခန့်မှန်းဆင်ခြင်ပြသည်။ ဘယ်မှာလဲ မျှော်လင့်ခြင်း ဟု ကျွန်ုပ်တွေးမိသည်။
အဆုံး၌ ဆရာက နောက်ဆုံးဓမ္မသီချင်းကို သီဆို စေသည်။ ကျွန်ုပ်တို့အားလုံး မတ်တပ်ရပ်လျက် ‘‘ဘယ်မျှ ကြီးမြတ်တော်မူသည်ကျူး’’ ဓမ္မတေးကို သီဆိုကြရာ ပရိသတ် အားလုံးသည် စိတ်ဝိညာဉ်နက်ရှိုင်းရာထဲမှ ဘုရားသခင်ကို ချီးမွမ်းကြသည်။ အချိန်ခဏလေးအတွင်းမှာပင် တစ်ခန်းလုံးရှိ စိတ်ထားများ ပြောင်းလဲသွားတော့သည်။ ရုတ်ခြည်းပင်၊ အံ့ဩစရာပင်၊ သီချင်း၏တတိယအပိုဒ်တွင် ကျွန်တော့်၏ စိတ်ခံစားမှုက ကျွန်တော့်အသံကို လွှမ်းမိုးသွားသည်။
အို ကယ်တင်ရှင် သားတော်ကို နှမြောခြင်းကင်း
အသေခံရန် စေလွှတ်သောရှင် ဖြစ်သည်။
လက်ဝါးကပ်တိုင် ကျွန်ုပ် ပြစ်မှား ဖြေလွှတ်ရန်၊…
ပါမောက္ခတစ်ဦး၏ ဖွင့်ဟဝန်ခံခြင်း
ကျောင်းသားများ၏ စာအရေးအသားစွမ်းရည် ညံ့ဖျင်းမှုကြောင့် ထိတ်လန့်ခဲ့ရသော နာမည်ကျော် စာရေးဆရာနှင့် ကောလိပ်ပါမောက္ခ ဒေးဗစ်ဖော်စတာဝေါလစ် သည် ၎င်းတို့ တိုးတက်လာအောင် မည်သည့် နည်းလမ်းဖြင့် လေ့ကျင့်ပေးနိုင်မည်နည်းဟု တွေးနေသည်။ ‘‘ ငါ့လို မာနကြီး၊ အမြင်ကျဉ်းမြောင်းပြီး၊ မိမိသာလျှင် အမှန်လို့ ခံယူတဲ့သူ၊ လူတွေကို ကိုယ်နဲ့ မတူသလို မတန်သလို ဆက်ဆံတဲ့သူတစ်ဦးရဲ့စကားကို ဘယ်ကျောင်းသားက နားထောင်မှာလဲ’’ဟူသည့် မေးခွန်းကို ပါမောက္ခကြီးက သူ့ကိုယ်သူ မေးမိသည်။ သူ၌ မာန်မာန ထောင်လွှားသည့် ပြဿနာရှိကြောင်း သူသိသည်။
လူသည် ပြုပြင်ပြောင်းလဲနိုင်သည်။ ထိုပါမောက္ခကြီး အမှန်တကယ် ပြောင်းလဲခဲ့သော်လည်း သူ့အနေဖြင့် တပည့် ကျောင်းသားအဖြစ် ဘယ်သောအခါမှ ဖြစ်မလာနိုင်ပါ။ သခင် ယေရှု လူ့လောကသို့ ဆင်းကြွလာပြီး လူသားတစ်ဦး အဖြစ် ခံယူခြင်းဖြင့် နှိမ့်ချခြင်းသဘောကို ပြသခဲ့သည်။ သခင်သည် လူတန်းစား အလွှာအသီးသီးသို့…
အပြစ်လွတ်သွားခြင်း
၂၀၀၄ ခုနှစ် ဇွန်လတွင် ဗန်ကူးဗား အနုပညာခန်းမ၌ ကနေဒါလူမျိုး နှင်းလျောစီး အားကစား သမား ဘက်ကီစကော့အား အိုလံပစ်ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်။ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကို ၂၀၀၂ ခုနှစ်က အူတာပြည်နယ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်၍ ၄င်းသည် စိတ်ဝင်စားစရာ ထူးဆန်းနေသည်။ ထိုစဉ်က စကော့မှာ တတိယကြေးတံဆိပ်ရရှိခဲ့ပြီး ပထမနှင့် ဒုတိယရသူ အားကစားသမားနှစ်ဦးမှာ တားမြစ် ဆေးဝါးများ သုံးစွဲခဲ့ကြောင်း လပေါင်းများစွာကြာပြီးမှ ဖော်ထုတ် သိရှိခဲ့သည်။
စကော့အနေနှင့် နောက်ဆုံးတွင် ရွှေတံဆိပ် ရရှိခဲ့ သော်လည်း စင်မြင့်ပေါ်ရပ်ပြီး သူ၏နိုင်ငံတော်သီချင်း ထုတ်လွှင့်ခြင်းကို နားဆင်ခွင့် ပြန်မရပါ။ ထိုမတရားမှုကို ပြန်ကုစားစရာ ဆေးမရှိပြီ။
မည်သည့် မတရားမှုကိုမဆို ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ကြိုးစားဆွတ်ခူးရယူသည့် ရွှေတံဆိပ်ကို မရခြင်းထက် ဆိုးဝါးသည့် အမှားအယွင်းများလည်း ရှိမည်မလွဲပါ။ ကာဣနနှင့် အာဗေလတို့၏…
ဖြတ်လမ်းလိုက်ခြင်း
လက်ဖက်ရည်ကို တစ်ငုံစာလေးသောက်ပြီး သူ့မိတ်ဆွေ၏ မှန်ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ကာ နန်စီ သက်ပြင်းချလိုက်သည်။ ငွားငွားစွင့်စွင့် ဖူးပွင့်နေသော လေလီပန်း၊ သရက်ထည်ပန်း၊ အိုင်းရစ်ပန်းများ၊ ပန်းဝါ၀ါလေးများ၏ အရောင်သွေးများမှာ နွေဦးမိုးရေနှင့် နေရောင်ခြည်တို့ကြောင့် ပို၍ တောက်ပနေသည်။ ‘‘ဘာမှမလုပ်ဘဲနဲ့ အဲဒီလိုမြင်ကွင်းလေးကို ပိုင်ဆိုင် ကြည့်နေချင်တာ’’ ဟု သူက တသသနှင့် ပြောသည်။
အချို့ဖြတ်လမ်းများက လက်တွေ့တွင် အဆင်ပြေ သည်။ အချို့မှာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးအသက်တာ လည်ပတ်မှုကို ပြတ်တောက်သွားစေသည်၊ ချိနဲ့သွားစေသည်။ မိမိနှင့်မတူ၊ တစ်ခြားစီဖြစ်သူနှင့် သက်ဆုံးတိုင် ပေါင်းဖက်ရမည် ဆိုပါက အခက်အခဲ ပြဿနာကင်းသည့် ကြည်နူးဖွယ်အချိန် ကိုသာ ကျွန်ုပ်တို့ လိုချင်သည်။ လက်တွေ့ဘ၀၌ အောင်မြင်မှု အတွက် စွန့်စားရမည်။ သို့သော် မစွန့်စားဘဲ အရှုံးမရှိဘဲ ‘‘ကြီးမြတ်မှု’’ကို လိုချင်ကြသည်။ ဘုရားသခင် ကျေနပ်နှစ်သက် စေရန်…
ဆိတ်ဆိတ်နေခြင်း
ကယ်ဆယ်ရေး ထရပ်ကားများ ရွာထဲရှိ တဲများအနီးမှ ဖြတ်သွားစဉ် ကြက်ကလေးများ ကစဥ့်ကလျား ပြေးလွှားလျက်၊ ဖိနပ်မစီးထားသောကလေးများက ငေးကြည့်နေသည်။ မိုးဒဏ်ကြောင့် ပျက်စီးနေသောလမ်းများပေါ်တွင် ကားအသွားအလာ မရှိသလောက်ပင်။
ထိုကားတန်းရှည်မြင်ကွင်း၌ တံတိုင်းခတ်ကာရံထားသော အိမ်တစ်လုံး မှုန်ဝါးဝါးပေါ်လာသည်။ ၎င်းသည် မြို့တော်ဝန်၏အိမ်ဖြစ်သည်။ ထိုအိမ်ကြီး၌ သူမနေပါ။ ပြည်သူလူထု၏ အခြေခံစားဝတ် နေရေး မပြေလည်ဘဲ ငတ်ပြတ်နေလည်း သူက အခြား မြို့ကြီးတစ်မြို့တွင် စည်းစိမ်ခံစားနေသည်။
ထိုသို့သော မတရားမှုများက ဒေါသထွက်စရာကောင်း လှသည်။ ပရောဖက်ဟာဗက္ကုတ်သည် အထိန်းအကွပ်မဲ့သည့် ဖိနှိပ်မှုများကို တွေ့ရသဖြင့် ဒေါသထွက်လျက် “ကိုယ်တော် သည် ကြားတော်မမူဘဲ အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”ဟု (ဟဗ ၁း၂) သူမေးခွန်းထုတ် ခဲ့သည်။ သို့သော် ဘုရားသခင်က သူသိကြောင်း၊ “ကိုယ် မပိုင်သောဥစ္စာကို သိမ်းဆည်း သောသူ၊ မကောင်းသော အဓမ္မစီးပွားကို…
ကျွန်ုပ်တို့ ဘာကို အလိုရှိသနည်း
‘‘အဘိုးက မြင်းတွေလှည်းတွေပဲ ရှိတဲ့ ခေတ်ကနေ လူတွေ လပေါ်လမ်းလျှောက်တဲ့ အချိန်အထိ နေလာတာပါ’’ ဟု သက်ကြွယ်လူကြီးတစ်ဦးက သူ့မြေးမလေးကို ပြောခဲ့သည်။ မကြာမီက ထိုအကြောင်းကို ကျွန်တော့်အား ပြောပြရင်း၊ ‘‘အဲဒီအချိန်က တကယ် တိုတောင်းတယ်ဆိုတာ တစ်ခါမှ မတွေးမိဘူး’’ ဟု တွေးတွေးဆဆနှင့် ပြောသည်။
အသက်တာသည် တိုတောင်းလှပါသည်။ ထာဝရ အသက်ရှင်လို၍ ကျွန်ုပ်တို့အများစုက သခင်ယေရှုထံ တိုးဝင် ကြသည်။ ၎င်းသည် မဆိုးပါ။ သို့သော် ထာဝရအသက်၏ ဆိုလိုရင်းအမှန်ကို ကျွန်ုပ်တို့ နားလည်ခြင်း မရှိဘဲ၊ မှားယွင်း သောအရာကို ကျွန်ုပ်တို့ အလွန်တောင့်တလိုက်ပါသွား တတ်သည်။ ပိုကောင်းသောအရာကို ကျွန်ုပ်တို့ လိုချင်ကြပြီး ၎င်းကို အနာဂတ်အတွက်ဟု တွေးထင်သည်။ ပြီးမှ ‘ကျောင်း ထွက်လိုက်ရင်ပြီးရော’ ၊ ‘အဲဒီအလုပ်ကို လုပ်လိုက်ရင်ပြီးရော’ ၊ ‘လက်ထပ်လိုက်ရင်ပြီးရော’ ၊…
စာငှက်တစ်ကောင်မျှ
ဘ၀တစ်လျှောက်လုံး သိက္ခာရှိရှိ စည်းစနစ်ကျကျ နေလာခဲ့သော အမေသည် ယခုတွင် နာတာရှည်ရောဂါသည်များထားရှိသည့် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရပြီး ခွန်အားချည့်နဲ့မှုက သူ့ကို လွှမ်းမိုးနေသည်။ အသက်ရှုရန်ပင် ရုန်းကန်ရပြီး၊ သူ၏အင်အား ယုတ်လျော့သောအခြေအနေသည် ပြတင်းပေါက်၏ အခြားတစ်ဘက်တွင် တွေ့ရသည့် သာယာလှပစွာ ရှင်သန်ယိမ်းနွဲ့နေသော နွေဦးရာသီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း မနှစ်မြို့ဖွယ်ရာ နှုတ်ဆက်ထွက်ခွာသွားခြင်းအမှုအတွက် ကျွန်ုပ်တို့ တောင့်ခံထားနိုင်ခြင်း မရှိပါ။ ‘‘သေခြင်းသည် သိက္ခာမဲ့ခြင်းပင် ဖြစ်သည်’’ ဟု ကျွန်တော်ယူဆသည်။
ကျွန်တော်သည် ပြတင်းပေါက်သို့ မျက်နှာလွှဲ၍ အပြင်ဘက်ရှိ ငှက်အစာခွက်ကို ကြည့်လိုက်သည်။ စာကလေး
များသည် လူးလာခတ်၍ ၎င်းတို့၏အစာအနီးသို့ ပျံသွားသည်။ ရုပ်ခြည်းဆိုသလို အကျွမ်းတ၀င်ရှိသည့် စကားစုတစ်ခု ကျွန်တော့်စိတ်ထဲတွင် ပေါ်လာသည်။ ‘‘သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက် တစ်ကောင်မျှ မြေသို့မကျရ’’ (မ ၁၀း၂၉)။ ၎င်းသည်…
ဘုရားသခင်ကို ကာကွယ်ခြင်း
မော်တော်ကားဘမ်ပါပေါ်မှ ဘုရားသခင်ကို ဆန့်ကျင်သော စတစ်ကာစာတန်းများက တက္ကသိုလ်ပါမောက္ခကြီးတစ်ဦး၏အာရုံကို ဖမ်းစားခဲ့သည်။ သူသည် ယခင်က ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်ခဲ့သည့်အလျောက် ထိုကားပိုင်ရှင်သည် ယုံကြည်သူများ ဒေါသထွက်အောင် လုပ်ခြင်း ဖြစ်မည်ဟု သူထင်မိသည်။ ‘‘ဘုရားမဲ့ဝါဒီအတွက် ဘုရားမဲ့ဝါဒဟာ မှန်ကြောင်း အကြောင်းပြဖို့ ဒေါသစိတ်က အထောက်အကူပြုတယ်’’ ... ‘‘အများအားဖြင့်တော့ ဘုရားမဲ့ဝါဒီတွေဟာ သူတို့ရှာနေတဲ့ အရာကို အတိအကျ တွေ့သွားတယ် ’’ ဟု ဆိုသည်။
သူကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ယုံကြည်ခြင်း ခရီးစဉ်ကို ပြန်လည်ဆင်ခြင်ရင်း၊ ခရစ်တော်၏ အမှန်တရားကို ဆင်ခြင်ရန် ခရစ်ယာန်မိတ်ဆွေများက ၀န်တာထားပြီး ဖိတ်ခေါ်ခဲ့ခြင်းကို ပါမောက္ခကြီးက သတိပြုမှတ်မိသည်။
‘‘ အမြန်တုံ့ပြန်ရန် အရေးကြီးကြောင်း မိတ်ဆွေများက ပြော လည်း အမျက်ဒေါသကို လုံးဝ မတွေ့ရ။’ ထိုနေ့က သူလက်ခံ ရသည့် စစ်မှန်သောလေးစားမှုနှင့်အတူ ကရုဏာကျေးဇူးကို သူဘယ်တော့မှ…
တို့ထိမှုလေးတစ်ခုမျှသာ
အရှေ့အာဖရိကရှိ ကျေးလက်ဒေသတစ်ခုသို့ ဆေးကုသာသနာပြုခရီးစဉ်တွင် သွားရောက် ပါဝင်ရန် အခွင့်အရေးကို ကယ်လီ ရရှိခဲ့သည်။ ဆေးကုသခြင်း အတွေ့အကြုံ မရှိသဖြင့် သူ မသက်မသာ ခံစားရသည်။ သို့သော် အခြေခံပြုစုစောင့်ရှောက်မှုကိုဖြင့် သူတတ်ကျွမ်းသည်။
ထိုနေရာသို့ ရောက်သောအခါ အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုအမျိုးသမီး၏ ခြေထောက်အနာက အခြေအနေဆိုးရွား သော်လည်း ကုသ၍ရနိုင်သေးသည်။ ပျက်စီးပုံပျက်နေသော ခြေထောက်က သူ့ကို တွန့်ဆုတ်စေသော်လည်း တစ်စုံတစ်ခု လုပ်ရမည်ကို ကယ်လီ သိသည်။ သို့နှင့် အနာကို သန့်စင်ပေးပြီး၊ ခြေထောက်ကို ပတ်တီးစည်းပေးလိုက်သည်။ ထိုအခါ လူနာ အမျိုးသမီးမှာ ငိုကြွေးပါတော့သည်။ စိုးရိမ်မိသောကြောင့် ‘‘နာလား’’ ဟု မေးလိုက်သည်။ ‘‘မဟုတ်ပါဘူး။ ကိုးနှစ် အတွင်းမှာ အခြားလူတစ်ယောက်က ကျွန်မကို တို့ထိတာ ဒါပထမဦးဆုံးပါပဲ’’ ဟု အမျိုးသမီးကြီးက ပြန်ဖြေသည်။
အနာကြီးရောဂါသည်ဆိုလျှင် အခြားသူများကို တွန့်ဆုတ်စေပြီး၊…
ပေးလှူခြင်း ဆုကျေးဇူး
သင်းအုပ်ဆရာတစ်ပါးက ‘‘သူဝတ်ထားတဲ့အင်္ကျီကို မင်းအတွက် သူချွတ်ပေးလိုက်တယ်’’ ဟုပြောလိုက်ပြီး လူအများ၏စိတ်ဝင်စားမှုအာရုံကို ဖမ်းစားလိုက်သည်။ ‘‘ကျွန်တော်တို့ ၀တ်ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ပြီး လိုအပ်နေသူတွေကို ပေးခဲ့မယ်ဆိုရင် ဘာဖြစ်လာ မလဲ’’ ဟု ပြောပြီး လုပ်နေကြမဟုတ်သည့် စိန်ခေါ်မှုကို သူ့အသင်းတော်၌ ပြုလုပ်ခဲ့ သည်။ ထို့နောက် သူဝတ်ထားသော ကုတ်အင်္ကျီကိုချွတ်ကာ ဘုရားကျောင်းရှေ့၌ ချထားလိုက်သည်။ လူများစွာလည်း သူ့စံနမူနာအတိုင်း လိုက်လုပ်ကြသည်။ ဤအချိန်အခါ သမယမှာ ဆောင်းတွင်းဖြစ်၍ ထိုနေ့အတွက် အိမ်အပြန် လမ်းက သက်သောင့်သက်သာ သိပ်မရှိပါ။ သို့သော် ဒါဇင်ပေါင်းများစွာသော လိုအပ်နေသူများအတွက် အနည်းငယ် နွေးထွေးစေမည်ဖြစ်သည်။
နှစ်ခြင်းဆရာယောဟန်သည် ယုဒတော၌ လှည့်လည်သွားလာနေစဉ် သူ၏တရားစကားကို ကြားနာရန် ရောက်ရှိ လာသူတို့အား ပြင်းပြင်းထန်ထန် သတိပေးစကားဆိုခဲ့သည်။ ‘‘အချင်း မြွေဆိုးအမျိုးတို့၊’’ ‘‘နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့’’ ဟု ပြောခဲ့သည် (လု ၃း၇-၈)။ လူအုပ်ကြီးကလည်း…